မိတ်ဆက်
ကျွန်ုပ်တို့ရဲ့ 3Stars Shwe Nyi Ko Engineering Group Co., Ltd သည် ၂၀၂၀ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးဇော်မင်းနှင့် ဦးယဉ်ထွေးတို့မှ လက်ရှိ ဦးစီးဦးဆောင် ပြုလျက်ရှိပါသည်။ မိမိတို့ ကုမ္ပဏီအနေဖြင့် နိုင်ငံတော်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် ဆောက်လုပ်ရေးလုပ်ငန်း ကဏ္ဍမှနေ၍ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့်သော်လည်းကောင်း၊ အတူတကွ ပူးပေါင်းဆောင်ရွက် ကြိုးပမ်းနေသူအဖြစ်လည်း ရေရှည်ရပ်တည် ဆောင်ရွက်သွားရန် ခံယူချက်ထားရှိပါသည်။ နိုင်ငံတစ်ဝန်း အများပြည်သူအတွက် အဆင့်အတန်းမြင့်မား ကောင်းမွန်သည့် လူနေမှုပုံစံများ ဖန်တီးပေးရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် အတူ အလုပ်လက်မဲ့ ဦးရေ အချိုးအားလျှော့ချနိုင်ရေးတို့ကိုပါ ကောင်းကျိုးပြု ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မိမိတို့ 3Stars Shwe Nyi Ko Engineering Group ကုမ္ပဏီသည် ကျွမ်းကျင်ပြည့်ဝသည့် အရည်အချင်းရှိ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့်အပြင် တောင့်တင်းခိုင်မာသည့် မိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် ဘဏ်လုပ်ငန်းများ၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများ နှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ထောက်ပံ့သူများနှင့်ပါ သာလွန်ကောင်းမွန်သည့် ဆက်ဆံရေးများဖြင့် အခိုင်အမာ ရပ်တည်လျက်ရှိနေပါသည်။
" အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းသစ်များ"
3Stars Shwe Nyi Ko Engineering Group Co., Ltd မှ အရည်အချင်းပြည့်မီသည့် ARCHITECT များမှ စနစ်ကျစွာရေးဆွဲထားသည့် အိမ်ပုံစံများကို အရည်အသွေးပြည့်ဝါရင့် အင်ဂျင်နီယာများမှ လူကြီးမင်းတို့ စိတ်တိုင်းကျ တာဝန်ယူ တည်ဆောက်ပေးသွားမည်ဖြစ်ပါသည်။
၂၀၂၃ ခုနှစ်မှ စတင်ပြီး Bankများ နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် နှစ်ရှည်အရစ်ကျ ငွေပေးချေသည့် စနစ်ဖြင့် အိမ်ယာ၊ တိုက်တာ အဆောက်အအုံများကို အရည်အသွေး မြင့်မားစွာ တာဝန်ယူ ဆောက်လုပ်ပေးမည့် စီမံကိန်းများဖြင့် စတင်မိတ်ဆက် ပေးတော့မည်ဖြစ်ပါသည်။ ယင်းစီမံကိန်းများသည် မိမိတို့၏ မူလရည်မှန်းချက်ဖြစ်သည့် နိုင်ငံတစ်ဝန်း အများပြည်သူအတွက် အဆင့်အတန်းမြင့်မား ကောင်းမွန်သည့် လူနေမှုပုံစံများ ဖန်တီးပေးရန်နှင့်အညီ အများပြည်သူတို့၏ လိုအင်ဆန္ဒနှင့်အညီ ထပ်တူကျပြီး အဆင့်အတန်း မြင့်မားကောင်းမွန်အောင် အထူးဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်ကတည်းက စတင်ပြီး လမ်း၊ တံတား၊အိုးအိမ်၊ အဆောက်အအုံများအား နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်နှင့်အညီ လုပ်ဆောင်ခဲ့သည့် အားလျှော်စွာ ဆောက်လုပ်ရေးဆိုင်ရာ ကုန်ပစ္စည်းတင်သွင်းသူများ၊ ဘဏ်လုပ်ငန်းရှင်များအပြင် အခြားမိတ်ဖက် အဖွဲ့အစည်းများနှင့် ပါ ရေရှည်အကျိုးတူ ဆောင်ရွက်ခဲ့သည်များ ရှိသည့်အတွက် သေချာခိုင်မာသည့် အနာဂတ်အား ဖန်တီးနိုင်ပါကြောင်းနှင့် မိမိတို့၏ စီမံကိန်းသစ်များသည်လည်း လုပ်ငန်းအပ်နှံသူနှင့် လုပ်ငန်းဆောင်ရွက်ပေးသူ နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်ရန် ကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။